Monday, 23 April 2007

Ahmei ၏ ထူးခြားသော အပြုအမူ ၁၀မျိုး

မောင်ဖိုးချမ်း ၏ ခင်မင်လေးစားမူကြောင့် ဤအောက်ပါအချက်များကို ရေးသားရခြင်း ဖြစ်ပါသည်..:)

အဟမ်း..ဟမ်း...

၁။ တစ်နေရာရာတွင် ပိုက်ဆံတွေ့လျှင် ဘယ်တော့မှ မကောက်တတ်ပါ၊ ကိုယ့်ပိုက်ဆံလည်း မဟုတ်၍ ကောက်ရမှာ ရှက်သောကြောင့်သာ ဖြစ်ပါသည်။

၂။ အမှိုက်ကိုလည်း အမှိုက်ပုံးမတွေ့မချင်း ကိုင်ထားတတ်ပြီး နောက်ဆုံးမတွေ့လျှင် အိမ်ထိသယ်လာတတ်သည်။

၃။ အိပ်ရာနိုးနိုးချင်း Internet အရင်ဝင်သည်၊ ပြီးမှ မျက်နှာသစ်သည်။ဟီး..

၎။ မဟုတ်မဟ မာနတော့ အလွန်ကြီး၏၊ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနှင့် စိတ်ဆိုးလျှင် ဘယ်တော့မှ အရင်မခေါ်ပါ။

၅။ သူတစ်ပါးအား နှိမ့်ချပြောဆိုတတ်သူ များအား လွန်စွာမုန်းတီး၏။ ထိုနည်း၎င်း မော်ကျော့ ဘ၀င်ရူးများ ကိုလည်း ကြည့်မရ ဂရုလည်းမစိုက်တတ်ပါ။

၆။ အော်..ခေါင်းလျှော်ရမှာ ကို အင်မတန်ဝန်လေး၏..ဟီး..shampoo, conditionar then dryer, steps များ အချိန်ကုန် အလုပ်ရူပ်လို့ အဲ့နေ့ဆိုရင် headache ဖြစ်တတ်သည်။ ဟီး..

၇။ အပြင်သွားရင် လှလှပြင်ပြီး မှ သွားတတ်သည်၊ မျက်နှာကို ပန်းချီကား တစ်ချပ်လို ချယ်မှုန်းပြီး ထွက်၏။ :)

၈။ စာကြည့်လျှင် စာကြည့်စားပွဲနှင့် ငြိမ်ငြိမ် မကြည့်တတ်ပဲ ဟိုလျှောက်သွား ဒီလျှောက်သွား စာအုပ်ကိုင်ပြီး ပတ်နေတတ်သည်။

၉။ တပတ်လုံးလုံး အိပ်ချိန်ကို မနက်၆နာရီ မှ ညနေ၄နာရီ ထိ အိပ်တော်မူဖူးသည်။ အားနေလို့ ကိုယ့်ဘာသာကိုယ် အချိန်ပြောင်းပစ်သာပါ။

၁၀။ တစ်ချိန်တုန်းက လမ်းလျှောက်လျှင် ဘေးပတ်ဝန်းကျင်က လူကိုမကြည့်တတ်ပါ၊ ကိုယ့်ကိုယ်ကြည့် နေလျှင်လည်း မျက်စိအားယားနေတယ် လို့ ထင်ဖူးသည်၊ ကြည့်ရမှာလည်း အင်မတန် ပျင်းဖူးပါသည်။

အထက်ပါအချက် များသည် ahmei ၏ လွန်လေပြီးသော တစ်ချိန်က အပြုအမူနှင့် ယခုအပြုအမူ များသာဖြစ်ကြောင်း အသိပေး ၀န်ခံအပ်ပါသည်။ ထိုနည်းတူ ahmei ၏ သူငယ်ချင်းများ ကိုလည်း ၀န်ခံစေချင်ပါသည်။

နှစ်ကူး


ပေါက်ပေါက်ဆုပ်

If သူငယ်ချင်း တို့ရေးသားလျှင် then အိပ်မက်ထဲမှာ မင်းသားချောချောလေး မက်မှာဖြစ်ပြီး else အရုပ်ဆိုးဆိုး သရဲကြီး လိုက်သာ ခံပြီးဇောချွေးတွေ ပြန်မှာဖြစ်ပါတယ်..ဟီဟီးးး။

4 comments:

CMS said...

i ထင်တော့ ထင်သား u ပန်းချီကားနဲ့တူနေတယ်လို့ :P

ahmeisoekyi said...

အဲ့ကြောင့်..ဖိုးချမ်းမှာ သဘာဝအလှတရား ကိုမြင်တတ်တဲ့ မျက်စိရှိ ပါတယ်လို့....:P

nhit kuu said...

ah mei ပိုက်ဆံတွေ့လို့မကောက်ဘဲနေရင်လည်း ပိုင်ရှင်လာတဲ့ထိတော့ စောင့်ကြည့်ပေးလိုက်ပါ သူများကောက်သွားရင် နှမြောရှာကြီး

ahmeisoekyi said...

့ဟုတ်ကဲ့ရှင့်..နောက်တခေါက်တွေ့ရင် နှစ်ကူးကို လှမ်းခေါ်လိုက် မယ်နော်.