Wednesday, 19 September 2007

ဆောင်းတွင်းအေးအေး

ဒီပိုစ့်လေးကတော့...
ပေါက်ပေါက်ဆုပ်
Tag လို့ ရေးရခြင်း ဖြစ်ပါတယ်..
ဆောင်းတွင်းဆိုရင်.. မန္တလေးဆောင်းကို အရမ်းသတိရတယ်... တူနယ်ဂျင်းတွေနဲ့.. မနက်တိုင်းး မန္တလေးတောင်တက်လိုက် .. ရေကူးလိုက် နဲ့.. .. အရမ်းပျော်ဖို့ ကောင်းခဲ့ပါတယ်..
ခါတိုင်းဆို.. မနက်စောစော ယောင်လို့တောင် မနိုးတတ်ပါဝူးး... တူနယ်ဂျင်းတွေနဲ့ .. တွေ့ရမယ်ဆိုရင်.. ညကတည်းက.. ပျော်ပီးး.. မနက်သူ့ဟာသူ.. စောစောအိပ်ရာထတတ်တယ်..
တောင်တက်ပီးး အပြန်ကျ.. ပေါက်ပေါက်ဆုပ် ပြောသလိုပဲ.. breakfast စားး ပီးမှ အိမ်ပြန်ဖြစ်တာ.. ရှမ်းခေါက်ဆွဲ ၊ မြေအိုးမြီးရှည်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်တွေ.. မင်းသီဟ၊ Friend ၊ သရီးကာလာ တွေသွားခဲ့ကြတယ်..
ဒါတွေအားလုံးကို IAD တန်းက တူနယ်ဂျင်းတွေနဲ့.. လုပ်ဖြစ်ခဲ့တာပါ.. တူနယ်ဂျင်းတွေကို အတန်းမှာတွေ့တာ အားမရလို့.. အပြင်မှာပါ..နေ့တိုင်းလိုလို တွေ့ဖြစ်ခဲ့ကြတယ်..

ဆောင်းတွင်းည ဆိုရင်လဲ.. အိမ်က မောင်နှမတွေနဲ့.. အသားကင်၊ မာလာငါး၊ မာလာဟင်း တွေ ပျော်ပျော်ပါးပါး စားသောက်ဖြစ်ခဲ့တယ်.. မေမေချက်တဲ့.. ကြက်ဥကဇော် လဲသတိရတယ်....

နောက်တစ်ခုက ဆောင်းတွင်းမှာပဲ.. အနွေးထည် လှလှလေးတွေ ၀တ်ခွင့်ရှိတာလေ.. တစ်နှစ်လုံးမှာမှ ဒီအချိန်.. ၂လ၊၃လ လောက်ပဲ.. အနွေးထည်ဝတ်ရတာ ဆိုတော့.. ပျော်တာပေါ့..နော်..

အဲ့တော့.. အပ်မိန်အတွက် မန္တလေး ဆောင်းတွင်းအေးအေး က အမှတ်ရစရာကြီး တွေပါပဲ...
ကိုယ်က နောက်ဆုံးရေးတော့..
နှစ်ကူး
ပြောသလိုပဲ.. Tag ချရာလူ ကျန်တော့ဝူး... အဟင့်..အဟင့်.. ဗြဲ.. ဗြဲဗြဲ..ဗြဲဗြဲဗြဲ... :D

6 comments:

tayzar said...

ရှမ်းခေါက်ဆွဲ စားရင်ခေါ်ဦးနော် ဗိုက်ဆာလို့ တားတားက တက် ထားတာရေးရသေးဝူး စာမေးပွဲရှိနေလို့ အား စာမရဘူး အဟင့် အဟင့် ဗြဲ ဗြဲ ဗြဲ =)

နှစ်ကူး said...

ဟိ.. တီဇက်အမ်ကြီးက တတ်ထားဒါ ထုထိရေးရတေးဖူးးး ယပ်ခပ်ပီး ချမ်းပလိုက်ဒေါ့မယ်။ ဒါပေမယ့် ယပ်တောင် ပျောက်နေဒယ်တော့ =P

သန့်ဇော်မင်း said...

အယ်.. အယ်... ယပ်တောင်ပျောက်နေရင်.. လက်နဲ့ ယပ်ခပ်ပြီး ရေးပေးတော့ကွာ.. :D

ပေါက်ပေါက်ဆုပ် said...

ဝေးးးး အပ်မိန်ရေးပေးပီးတွားပီ
အဲကြောင့်ဂျစ်တာ အာဝါးးးးး .... :*
ပေါက်ပေါက်ဆုပ်တောင် တတ်စရာလူမရှိမာဆိုးလို့ ကြိုတင် ဘွက်ကင်လုပ်ထားတာ ဟိဟိ ... နောက်ဆိုအပ်မိန်လဲ ကြိုတင် ဘွတ်ကင်လုပ်ထားလေ :P

. said...

I agreed with you. MDY'sve got extreme weather conditions.

sltmycom said...

အန်မယ်အန်မယ် ငိုပါနဲ့ တမီးရယ်...